အချစ်ဆုံးသောချစ်သူ
မင်းရွေးချယ်ခဲ့တဲ့
မင်းရဲ့အချစ်ဆုံးသောချစ်သူဆိုတာ
မင်းအတွက် အရာရာကိုရင်ဆိုင်မယ့်သူ
မင်းအတွက် နားလည်မှု့တွေပေးခဲ့သူ
မင်းအတွက် အရာရာကို ဦးစားပေးတတ်ခဲ့သူလေ
အဲဒီနောက်
ချစ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ
မင်းအတွက်
အရာရာကိုစဉ်းစားရင်းရွေးချယ်ခဲ့တဲ့
အချစ်ဆိုတဲ့အရာကြီးက
မင်းကိုလှောင်ရယ်နေမှာ မေ့နေပြီထင်ရဲ့
တကယ်တော့လည်း
အချစ်ဆုံးသောချစ်သူဆိုတာ
မင်းကိုယ်တိုင်ကလွဲပြီး ဖြစ်နိုင်ရဲ့လား. ။ ။
ချစ်ရသောသူသိပါစေ
ရင်ခုန်ခံစား အချစ်များနဲ့
တဒင်္ဂပေမဲ့ ပြင်မရလေပြီ
ရွှေရင်မှာဖို လှိုက်လှိုက်ခုန်လို့
ရင်တွင်းသံသာ တေးကဗျာကို
တူညီတွဲလျက် ကိုယ်ရေးစပ်ခဲ့
ချစ်ရသောသူ မင်းအတွက်……။
တူညီခံစား တုန့်ပြန်စကား
ဖွင့်ဟနှူတ်ဖျား ခွန်းခြွေသံများ
နှလုံးအိမ်ဝယ် သိမ်းထားချင်တယ်
အသည်းထဲမှာ နွေးထွေးစွာနဲ့
ရာသက်တိုင်မြဲ မယိုင်လဲပဲ
နှောင်ကြိုးရစ်ချည် တေးပန်ချီကို
တူညီတွဲလျက် ကိုယ်ရေးစပ်ခဲ့
ချစ်ရသောသူ မင်းအတွက်…..။
နှစ်ဦးနားလည် ချစ်ခြင်းဖလှယ်
တန်ပြန်ယဉ်ကျေး အပြုံးနဲ့
အချစ်နှစ်ခု ပေါင်းဆုံပြုဖို့
မုသားမပါ တေးလကာင်္ကို
တူညီတွဲလျက် ကိုယ်ရေးစပ်ခဲ့
ချစ်ရသောသူ မင်းအတွက်……။
လိပ်ပြာမလေး ရဲ့ ဒုတိယမြောက် တောင်ပံသစ်
အသစ် အသစ် တို့ နဲ့ 
တောက်ပခဲ့သော အလင်းတေးအဖွင့်
လိပ်ပြာမလေးရဲ့  ဒုတိယမြောက်တောင်ပံ
ခပ်တိုးတိုး ရိုက်ခတ်သွားတယ် ၊၊ ၊၊
ပွင့်ဖတ် အလီလီနဲ့ 
ရာသီ အမီ စောင့်တဲ့ပန်း
တောင်ပံခတ်သံ အကြားမှာ
ငှားစွင့်လို့ . . .
သူ . . .ပွင့်အာခဲ့တယ် ၊၊ ၊၊
သူ့ (လိပ်ပြာမလေး)
အပြုံးတို့ 
ငါ့ရင်မှာ စူးနစ်ဝင်ခဲ့
ငါမှာ မနာကျင်ခဲ့ပေမဲ့
ကောက်ချက်ချကြည့်တော့
“လွမ်းဒဏ်ရာ” လို့ မည်တယ် ၊၊ ၊၊
ဝေးကွာခြင်း ခေါင်းလောင်းသံ မဟုတ်ပေမဲ့
သူနဲ့ ငါ အကြားမှာ
နီးကပ်စွာ ဖေးမခြင်းမျိုး မရှိဘူး
ဘယ်သူမှ မသိတဲ့ အဝေးက အချစ်နဲ့ 
နှလုံးသားချင်း နားလည်တယ် ၊၊ ၊၊
ပန်းခင်းသော လမ်း မဟုတ်ပေမဲ့
ခယောင်းလမ်းလဲ မဟုတ်ဘူး
ကျွန်တော် မသိသော ဒီလမ်းမှာ
သူ နဲ့ လက်ချင်း တွဲလျှောက်တာမျိုး မဟုတ်ပေမဲ့
ဘာသာစကားရဲ့ အတိမ်အနက် အရ
(ကျွန်တော့်အထင်)
ဘယ်သူမှ ရိပ်မိမှာမဟုတ်ဘူး
လိပ်ပြာခြုံတဲ့ စောင်
ကျွန်တော် ဖြစ်တယ် ဆိုတာကိုလေ ၊၊ ၊၊
“အချိန် နှင့် ဒီရေ ကို လူစောင့်သည်”
ကျွန်တော့်အဆို
ဘယ်သူ ငြင်းမလဲ . . .
အချိန် . . .
သူမ နဲ့ ပျော်ရမဲ့ အချိန်
ကျွန်တော် ကိုယ်တိုင်စောင့်နေခဲ့တာ
နာရီလက်တံတွေတောင်
ဘယ်နှပတ်မြောက် လည်ပတ်နေခဲ့သလဲ
မသိတော့ပါဘူးကွယ် . . .
သူမ ရဲ့ နှုတ်ခမ်း အစုံကသာ
ပြုံးရယ်လာပါစေ
ကျွန်တော့် နှလုံးသား နဲ့ ဇာတ်တိုက်ထားတယ်
ကံကြမ္မာကသာ ရက်စက်သော ကွက်ကြားမိုး မရွာနဲ့ 
ရင်ထဲက နှလုံးသား
သူမ အတွက် “က” နေတယ်၊၊ ၊၊
သူမ ၀ှက်တဲ့ မျက်ဝန်း မှာ
ကျွန်တော် အဖြေရှာခဲ့
ဝင်ရိုးစွန်း တောင်နဲ့ မြောက်
ပြေးလိုက်ရသလို မောတယ်
ဒါပေမဲ့ . . .
အဲဒီအတွက် တန်တယ်
သူမ မျက်ဝန်းက ပြောတဲ့ အသံမဲ့ဘာသာစကားက
ဝင်္က၀ုတ္တိ နဲ့ ”ချစ်တယ်” တဲ့
ဟုတ်ကဲ့ . . .
ကျွန်တော် သူမရဲ့ 
ဒုတိယမြောက် တောင်ပံသစ်လေးပါ ၊၊ ၊၊
မင်းရက်စက်တဲ့ ..... ည
ည….
နှင်းလဲမကျဘူး မိုးမရွာဘူး
သေချာတာ လမိုက်ည လဲမဟုတ်ပြန်ဘူး….
ဘယ်လောက်များအကျည်းတန်လိုက်သလဲ
ကြယ်ကြွေတာကို…
ရင်ကွဲပက်လက်ထိုင်ကြည့်နေတုန်း
လေညှင်းဆိုတာက
အေးစက်စက်လာထိတွေ့တဲ့ခဏတွေကို
ငါမပျော်နိုင်ပါဘူး……….
ခါးသက်သက်ကော်ဖီတစ်ခွက်နဲ့အတူ
ပြင်းရှရှသံစဉ်တစ်ပုဒ်လောက်
ငါ ဟစ်ကြွေးကြည့်ချင်တယ်……
နာကြင်တာတွေသက်သာမယ်ဆိုရင်…
ခဏလောက် အိပ်ပျော်လိုက်ချင်တယ်..
ည….
ကဗျာတွေကာရံ မညီတဲ့ည
ဂစ်တာအို တေးမဆိုတဲ့ည..
ညဥ့်ငှက်တွေတောင် ငိုနေတဲ့ည….
ဒဏ်ရာတွေ အသစ်ဖြစ်တဲ့ည…..
ရင်ခုန်သံတွေအသက်မဲ့ခဲ့တဲ့ည….
မင်းကြောင့်ရတဲ့ဒီတစ်ညကို
ငါအမှတ်တရသိမ်းထားမယ်..
မနက်ခင်းတစ်ခုကို မျှော်လင့်ရင်းနဲ့
အိပ်မက်ထဲခဏလောက် ကွင်းဆင်းလိုက်ဦးမယ်
ဒီတစ်ညကတော့ မလှပတာ အမှန်ပဲ……………..
နင် မရှိတဲ့ အခါ
လျှောက်နေကျလမ်းက ပိုရှည်တယ်..
ကောင်းကင်ကြီး ပိုညိုတယ်..
သစ်ရွက်တွေ ပိုကြွေတယ်..
သောက်နေကျ ကော်ဖီ ပိုခါးတယ်..
အချိန်တွေက ကုန်ခဲတယ်..
ရင်ထဲက လစ်ဟာမှုကို ဘယ်လို စာလုံးတွေနဲ့ ဖော်ပြရလို့မလဲ
လွမ်းတယ်..
ဟင့်အင်း.. မလုံလောက်ဘူး..
ရန်ခုန်သံ တချက်တိုင်းမှာ နင့် နေ အောင် ..
တမ်း တ နေ တာ..
ငါဟာ.................
ချစ်သူရေ…………..
မင်းရဲ့ကောင်းကင်မှာ ငါ့ကို
ကြယ်လေးတလုံးဖြစ်ခွင့်ပေးပါ
လမင်းလေးတစင်း လဲငါဖြစ်ချင်တယ်လေ
တိမ်တိုက်တခုသာဆိုရင်
မင်းရှိတဲ့အရပ်ကိုလိုက်ပြီးရွာချလိုက်ချင်တယ်လေ………….
မမြင်ရပေမဲ့ တမ်းတနေမိတယ်
မကြားရပေမဲ့ နားစွင့်နေခဲ့မိတယ်
မတောင်းခဲ့ပဲလည်း ပေးခဲ့လိုက်ပြီ
သစ်ရွက်တရွက်ဆိုရင်
ငါကြွေပြချင်ပါရဲ့………..
နှလုံးသားကတော့
အဖြူရောင် စာရွက်လေးတရွက်ပါ
မင်းရေးချင်ရာရေးပေါ့
ငါဟာကြယ်လေးတလုံးပါ
ငါဟာ လလေးတစင်းပါ
သစ်ရွက်လေးတရွက်
တိမ်စိုင်လေးတခု
အရမ်း .. ချစ်တယ်
လေပြေလေးတွေ တိုက်ခတ်လာတိုင်း လွင့်စင်ဖိတ်ကျလာတဲ့ ဆံနွယ်သင်းနံ့လေးကို ချစ်တယ်….♥ ♥ ♥
ချစ်သူရဲ့ ရှည်လျားပြီးကျနေတဲ့ ဆံနွယ်လေးတွေကို ချစ်တယ်..♥ ♥ ♥
ပါးပြင်က ကြွလှနေတဲ့ သနပ်ခါးပါးပါးတွေကို ချစ်တယ်…♥ ♥ ♥
ဝိုင်းစက်ကြွယ်မြနေတဲ့ ရွှန်းရွှန်းစို မျက်လုံးလေးတွေကို ချစ်တယ်…♥ ♥ ♥
ကော့ညွှတ်တိမ်းယိမ်းနေတဲ့ မည်းနက်နက် မျက်ခုံးလေးကို ချစ်တယ်…♥ ♥ ♥
ဖြောင့်စင်းသွယ်တန်းနေတဲ့ နှာတံလှလှလေးကို ချစ်တယ်…♥ ♥ ♥
ပြုံးလို်က်တိုင်း (မပြုံးလည်းပဲ) ပေါ်လာတဲ့ ဖြူစင်တဲ့ သွားတန်းလေးကို ချစ်တယ်…♥ ♥ ♥
လေးကိုင်းလို ညွှတ်ကျနေတဲ့ နှုတ်ခမ်းပါးပါးလေးကိုချစ်တယ်…♥ ♥ ♥
မူယာကြော့ရှင်းနေတဲ့ လည်တိုင်လှလှကိုလည်း ချစ်တယ်…♥ ♥ ♥
ချစ်သူ့ဆီက ထွက်လာတဲ့ ကိုယ်သင်းနံ့လေးကိုတောင် ချစ်တယ်ဗျာ…♥ ♥ ♥
အရမ်း…..အရမ်းချစ်တယ်…..ဗျာာာာာာာာာာာာ….♥ ♥ ♥
*ချစ်သူကရက်စက်ခြင်း*
ငါ့မျက်ရည်ကြွေကျမှ
နင်ပျော်မယ်ဆိုရင်
နင့်ထီးလေးဖယ်လိုက်ပါ…
နင်မိုးလို့ထင်နေတာ
ငါ့မျက်ရည်တွေပါ . . .
ငါ့နှလုံးသားမြေခမှ
နင်ကျေနပ်မယ်ဆိုရင်
နင်ခြေထောက်ကို ရွှေ့လိုက်ပါ…
နင်နင်းချေထားတာ
ငါ့နှလုံးသားပါ . . .
ငါ့မာနခ၀ါချမှ
နင်ပြန်ချစ်မယ်ဆိုရင်
နင်ခေါင်းလေးအသာ ငုံ့လိုက်ပါ…
နင့်ရှေ့ဒူးထောက်အရှုံးပေးနေတာ
ငါပါ .. . .
အရာရာပုံအပ်ခဲ့တာ
နင်ဘ၀မှာ တိုက်ဆိုင်တဲ့အခါ
တစ်ခဏတာ သတိရမိရင်…
ငါ့ တစ်ဘ၀စာပေးဆပ်ခဲ့တာနဲ့ ညီမျှမှာပါ .
* ဒါပေမယ့် ချစ်တယ်*
ခဏလေးတော့ ဟုတ်တယ်
ဒါပေမဲ့ ရှည်လွန်းတဲ့ အိပ်မက်တွေက
မပြီးဆုံးခဲ့ဘူး…
မျှော်လင့်နေတယ်
ဒါပေမဲ့ ပြန်မလာတော့
ရင်မှာအလွမ်းတွေနဲ.ပေါ့…
တို့နှစ်ယောက် ဝေးနေတယ်
ဒါပေမဲ့ ငါ့ရဲ.စိတ်က နင့်ဘေးနားမှာ
အမြဲရှိနေခဲ့တယ်
နေ.တွေညတွေ
ပြောင်းလဲသွားတယ်
ဒါပေမဲ့ ငါ့်အတွက်ပြောင်းလဲခြင်း
မရှိခဲ့ဘူး…
နင်ကမေ့လို.သွားတယ်
ဒါပေမဲ့ နင်ပြောတဲ့ ဖုန်းသံလေးက
ငါ့နားထဲကြားယောင်နေဆဲပါ…
ငါတွေ.လိုက်တဲ့
နင့်ဘေးနားမှာ အခြားတယောက်နဲ.
ဒါပေမဲ့ ငါ့နှလုံးသားထဲမှာ
အခြားတယောက် မရှိခဲပါ့ဘူး…
ငါသိလိုက်ပီး
နင်င့ါကိုမချစ်တော့ဘူးလို့လေ
ဒါပေမဲ့ ငါနင့်ကိုချစ်နေခဲ့တယ်
ခုထိလဲချစ်နေတယ်
နောင်လဲချစ်နေမယ်
ချစ်တယ်<3
Really
I don't know
What is friendship ?
I don't know
What is friend ?
I don't know
What is love ?
But......
..... , I truly like you ,
Understand and trust me !
Really ! ! !
Meaning of "I Love You"
I =I LOVE U ရဲ့  အ ဓိ ပ္ပယ် ဖွင့်ဆိုချက်
Idyllic love is only for you!။
ငါ့ရဲ့ငြိမ်းချမ်းပြီးအပြစ် ကင်းတဲ့အချစ်ကမင်းတစ်ယောက်အ တွက်ပါ။
L = Live with your love !
ငါဟာမင်းရဲ့အချစ်နဲ့အသက်ဆက် နေရတာပါ။
O = One life,one love!
ဘာဝတစ်ခုလုံးအတွက်တစ်ခါပဲချ စ်ခဲ့တာပါ။
V = Vacant of my heart is only for you!
ငါ့နှလုံးသားရဲ့နေရာလွတ်ကမင်းတစ်ယောက်ထဲနေဖို့ပါ။
E = Except ...
Idyllic love is only for you!။
ငါ့ရဲ့ငြိမ်းချမ်းပြီးအပြစ်
L = Live with your love !
ငါဟာမင်းရဲ့အချစ်နဲ့အသက်ဆက်
O = One life,one love!
ဘာဝတစ်ခုလုံးအတွက်တစ်ခါပဲချ
V = Vacant of my heart is only for you!
ငါ့နှလုံးသားရဲ့နေရာလွတ်ကမင
E = Except ...
" မ " အတွက်
ကျနော် မမနဲ့ နီးရအောင် ဆိုပြီး နတ်ကန္နားပေးဖို့ ပိုက်ဆံ စုနေပါတယ်မမ။
အလှည့်ကျရင် မမတို့ လမ်းထိပ်က မီးကင်းမှာ ကျအောင် ဆယ်အိမ်မှုးနဲ့
ရပ်ကွက်လူကြီးကိုလည်း ဖာလူဒါ တစ်ယောက်တစ်ခွက် တိုက်ထားပါတယ်မမ။ မမနဲ့
နီးဖို့ဆိုပြီး ယတြာချေပေးတဲ့ ဗေဒင်ဆရာကိုတော့ ချောင်းရိုက်ဖို့
ဝါးရင်းတုတ် ကောက်ထားပါတယ် မမ။ အနီးစပ်ဆုံး ဆိုလို့ တမြန်နှစ်
မိုးတွင်းတုန်းက မမစီးတဲ့ကား ကျနော့်နားက ဖြတ်သွားတုန်း ပုဆိုးကို
ဗွက်စင်သွားတာပဲ ရှိပါသေးတယ် မမရယ်။
နွေညတွေမှာဆို အသုဘ ယပ်တောင်လို အေးချမ်းမှု ပေးနိုင်တဲ့ မမအပြုံးလေးကို သတိရမိတယ်။
ငယ်ငယ်ကတည်းက ကျောင်းဝမှာရောင်းတဲ့ ပြောင်းဖူးပြုတ် ဝယ်စားတိုင်း မမရဲ့
သွားလေးတွေကို မြင်ယောင်တယ်။ ကျောင်းကားဆရာ ဦးလေးကြီး ကွမ်းချိုးတက်နေတဲ့
သွားတွေနဲ့ ပြုံးပြတိုင်း မမရဲ့ သွားလေးတွေ ဒီလိုမဟုတ်ပါလား
လို့မြင်ယောင်ပြန်တယ်။ မမဟာ ကျနော့်ရင်ထဲ အမြဲရှိပါတယ်။ ဒီနေ့
ကြက်သားအာလူး ချက်တာတောင် မမအတွက်ဆိုပြီး ကျနော် အာလူးတစ်လုံး
ချန်ထားမိတယ်...
မမနဲ့ နီးဖို့ ကျနော် အဆင့်မြင့်တဲ့ ဘဝကို တက်လှမ်းနိုင်အောင်၊ သူငယ်ချင်းတွေရဲ့ ရွာကို
လိုက်လည်တိုင်း ထန်းပင်တက် သင်နေပါတယ် မမ။ တကယ်တော့ ဟိုး မိုးပေါ်
လေယဉ်ပျံထဲက ခြေသုတ်ဖုံလို မမရဲ့ ဘဝဟာ မဟာအဝီစိ ငရဲ အောက်ဆုံးမှာ ဒေဝဒတ်
ဖင်ခုထိုင်တဲ့ ခွေးခြေခုံလို ကျနော့် ဘဝက လက်လှမ်း မမီနိုင်အောင်
မြင့်မားလှပါတယ်ဗျာ။ စွဲလန်း တတ်လိုက်ပုံများ မမကို လွမ်းလို့
ကိုရီးယားကား မကြည့်ဖြစ်တာတောင် သုံးရက်ရှိပြီပေါ့။
အိပ်မက်တွေများ ဆန်းလိုက်တာ။ ညက ကျနော်နဲ့ မမနဲ့ လူတစ်အုပ်နဲ့ ကုလားကားထဲကလို ကကြတယ်တဲ့။ မမ ဆာရီများ
လေထဲ လွင့်နေလိုက်တာ လွှားခနဲ လွှားခနဲပဲ။ မမနဲ့ ကျနော် နှစ်ယောက်တည်း
(လူအုပ်က ဘယ်ပျောက်သွားတယ်မသိ) သစ်ပင် တစ်ပင်ကို ဝိုင်းကြီး ပတ်ပတ်
လုပ်နေတုန်း အိပ်မက်က လန့်နိုးသွားတော့ နံရံမှာ ကပ်ထားတဲ့ ပိုစတာထဲက
သက်မွန်မြင့်က မျက်စေ့မှိုတ်ပြတယ်။ မမကို သတိရရတဲ့အထဲ သက်မွန်မြင့်က
တမှောင့်။ ခက်ပါတယ်။
မမကို လွမ်းလွန်းလို့ ထမင်းမစားနိုင်တာနဲ့ ဒန်ပေါက်ချည်း ဝယ်စားနေရတာ နှစ်ရက်တောင် ရှိပြီ။
ညဖက်ဆိုလည်း မအိပ်နိုင်လို့ မနက်မိုးလင်းမှပဲ တစ်နေကုန် အိပ်နေရတယ်။
လွမ်းလွန်းလို့ မယ်ဒလင်တီးတော့လည်း ဘေးအိမ်က အလိုက်ကန်းဆိုး မသိတဲ့ လူက၊
သူ့အဖွား နေမကောင်းလို့ မတီးပါနဲ့တဲ့။ ဒီနေ့လည်း လွမ်းလွမ်းရှိတာနဲ့
ခိုတွေကို ဆန်ကျွေးပြီး လေးခွနဲ့ ပစ်နေမိတယ်။ မမနဲ့ တွေ့မှ ကြော်စားဖို့
ကြောင်အိမ်ထဲ ထည့်သိမ်းထားတယ်။
မမရယ်၊ ကျနော်ရယ်၊ မုန်လာဥရယ်။ သောင်ပြင်မှာ လွှတ်တဲ့ ရွှေဟင်္သာလို ဖတ်လတ် ဖတ်လတ်နဲ့။ လက်ဆေးရေ
တစ်ပုံးတည်းနဲ့ ရောင်းတဲ့ ဝက်သားတုတ်ထိုး အထမ်းသည်လို အနာဂတ်တွေ
အရသာပိုကောင်းခဲ့ကြ။ ဆီးရောဂါ ဖြစ်နေတဲ့ ဆောင်းတွင်းလို ကျနော်တို့
ကြားမယ် နှင်းတောင် မကျနိုင်ခဲ့ဘူး ဆိုတော့လည်း... နှလုံးသား ဆိုတာများ
ကျောပိုးအိတ်လေးထဲမှာ ရှိခဲ့ရင် ဒီဖက်ကို ကမ်းပေးကြည့်ပါ မမရေ။
ဂျင်ပေါက်သလို တစ်ယောက်ယောက် စည်းဝိုင်းအပြင်ထွက်မှ ပွဲက သိမ်းကြမှာလား မမ။ နှလုံးသားလည်း မောလွန်းလို့
မိုးတွင်းစီး ရာဘာ ဖိနပ်လို ဇွိဇွိ ဇွိဇွိနဲ့။ တရုပ်ပြည်တွင် လုပ်သည်လို့
တံဆိပ်မကပ်ထားပေမဲ့ အစစ်လို့ မကြေညာနိုင်ကြတဲ့ အချစ်တွေ။ ဇာတ်ထဲက မယ်သီတာ့
သမင်တွေလို မမအနားမှာ ယောင်လည်လည် လုပ်နေကြတဲ့ လူလည်ကြီး သားသမီးတွေ
အတွက်၊ ပေါ့လျော့တဲ့ လက္ခဏနဲ့ အတူ၊ ရာမရဲ့ မြားတွေလည်း အပေါင်ဆိုင်
ရောက်ခဲ့ပြန်ပေါ့။
မနေ့က မမကို သတိရနေရင်း ရေခဲချောင်း ဝယ်စားတော့ မမအတွက် ရည်စူးပြီး တစ်ချောင်း ပိုဝယ်လိုက်ပြီးမှ
မမ အနားမရှိနိုင်မှန်း သတိရတယ်။ နှစ်ချောင်းကို တစ်လှည့်စီ လျက်ရင်းနဲ့
မမအတွက် တစ်ချောင်းက အရည်ပျော်ပြီး ပြုတ်ကျသွားတယ်။ မြန်မာကားထဲမယ်
ဓါတ်ပုံပြုတ်ကျပြီး မှန်ကွဲသလိုပဲ နိမိတ် မကောင်းလိုက်တာ။ ကျနော့်ရဲ့
အချစ်အတွက် သက်မဲ့ ရေခဲချောင်းလေးတောင် စတေးရရှာတယ်။ နောက် ကြုံမှ
ကျနော့်ကို တစ်ချောင်း ပြန်ဝယ်ကျွေးပါ မမ။
ကျွဲရှေ့ ကန်သင်းရိုးပေါ် တက်ပြီး ဘရိတ်ဒန့်စ် ကပြတဲ့ သာဂိလိုပဲ ကျနော့ အချစ်တွေက အရာ မထင်ခဲ့ပါဘူး။
တခါတလေ မမနဲ့ ကျနော်သာ ရိုးသားတဲ့ တောသူတောင်သားတွေဆို အတော်
ပျော်ဖို့ကောင်းမယ်လို့ တွေးမိတယ်။ မမ ရေခပ်ဆင်းရင် ပြီတီတီ အကြည့်နဲ့
(ရေ) အိုး ပင့်ပေးတာတို့၊ ကောက်ရိုးပုံ ရိုးမန့်စ်တို့။ မမဝယ်စားတဲ့
ပီဇာဆိုတာ မရှိပေမဲ့ မနက်တိုင်း ဘိန်းမုန့်စားနိုင်မယ်။ အနည်းဆုံးတော့
ကျီးမနိုးပွဲမှာ မမထဘီ ခိုးပြီး အမှတ်တရ သိမ်းထားလို့ ရတာပေါ့ဗျာ။
အာခိမိဒိက ပြောတယ်။ သူမတ်တပ် ရပ်စရာ တစ်နေရာသာ ပေးပါ။ ကမ္ဘာကို သူရွှေ့ပြပါ့မယ်တဲ့။ ကျနော့်ကို မမရဲ့
အချစ်တွေသာ ပေးပါ။ အာခိမိဒိကို ကျနော် ရွှေ့ပြပါ့မယ်။ အခုများတော့ဖြင့်
မမရဲ့ စိမ်းကားမှုအပေါင်းနဲ့ချည်း ခညောင်းနေလို့၊ မိုးအေးအေးမယ်
ရေဒီယိုဖွင့်တုန်း၊ မောင့်အချစ် မြားစူး... မောင့်အချစ်မြားစူး...
ရူးရပြီကောလေ... ဆိုတဲ့ စိုးစန္ဒာ...ထွန်း အသံကြီး စည်ကနဲ ထွက်လာတော့
ခံစားရလွန်းလို့ ကျနော့်မယ် မျက်ရည်တောင် ဘူးသီးလုံးလောက် ကျတယ်
" မ " အတွက်
ထိန်းချုပ်မှု နယ်နမိတ်ရဲ့
အခြားတစ်ဖက်
ရှင်သန်စွာ ဖြစ်တည်နေတဲ့
အရာတစ်ခု အတွက်
တားဆီးလို့မရနိုင်တာ
အပြစ်တစ်ခုလား
အတိတ်မေ့တာ ရောဂါဆိုရင်
ပစ္စုပ္ပန် အချိန်မှာ
" မ " တစ်ယောက်ကလွဲရင်
အားလုံးကိုမေ့နေတာကို
ဘယ်လိုခေါ်မလဲ
မျော်လင့်စရာ မရှိချင်းဆိုတာ
ကျွန်တော် အတွက်မျော်လင့်ချက်လား
ဖြေသိပ်စရာမဲ့တဲ့ ဘ၀မှာ
ကျွန်တော့်အတွက်
အပြာရောင် ကောင်းကင်ကြီးဟာ
စိမ်းလို့ ပေါ့ " မ " ရယ်..................
အခြားတစ်ဖက်
ရှင်သန်စွာ ဖြစ်တည်နေတဲ့
အရာတစ်ခု အတွက်
တားဆီးလို့မရနိုင်တာ
အပြစ်တစ်ခုလား
အတိတ်မေ့တာ ရောဂါဆိုရင်
ပစ္စုပ္ပန် အချိန်မှာ
" မ " တစ်ယောက်ကလွဲရင်
အားလုံးကိုမေ့နေတာကို
ဘယ်လိုခေါ်မလဲ
မျော်လင့်စရာ မရှိချင်းဆိုတာ
ကျွန်တော် အတွက်မျော်လင့်ချက်လား
ဖြေသိပ်စရာမဲ့တဲ့ ဘ၀မှာ
ကျွန်တော့်အတွက်
အပြာရောင် ကောင်းကင်ကြီးဟာ
စိမ်းလို့ ပေါ့ " မ " ရယ်..................
ရက်စက်ခဲ့သူ
ပြုံးရက်နဲ့မုန်းခဲ့တဲ့ချစ်သူ
အခုကြတော့မေ့နေလျက်ပေါ့
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်
သတိရရင်တော့ငါ့ရင်ခွင်ကမင်းအတွက်ဆိုရင်
အချိန်တိုင်းမျှော်နေခဲ့တယ်
လွမ်းလို့မျှော် ရမ်းပြီးခေါ်ခဲ့တဲ့
မင်းနာမည်လေးကိုငါမှတ်ရဆဲပဲ
မင်းမုန်းလို့မရသေးရင်
ပြန်လာခဲ့ပေါ့ငါရင်ခွင်ဆီ
တမ်းတလို့မှန်းမျှော်လျက်
ရက်စက်ခဲ့သူ့
ချစ်သူ
ချစ်ခြင်းမှာမာနဆိုတာ
မရှိသင့်တဲ့အရာပါကွာ
စိတ်ကောက်တယ်ဆိုတာ
အချော့ခံချင်လို့ပါ
ဒါပေမယ့် ချစ်သူ
ဒါတွေမင်းမသိတာတော့
ခံပြင်းတယ်။
ချစ်သူ
ငါငိုရင်ဝမ်းနည်းတယ်ဆို
ငါ့မျက်ရည်တွေ မင်းရှေ့မှာ
ဒါပေမယ့် ချစ်သူ
မင်းမျက်နှာကို မြင်ရင်
အလိုလို အပြုံးပန်းတွေ
ပွင့်ဖူးတယ်။ ။
ချစ်သူ
နှလုံးခုန်နေသရွေ့
ချစ်နေမယ်ဆို
အခုချိန်မှာတော့
“ဟုတ်သေးရဲ့လား” လို့
မေးချင်လိုက်တာကွာ
ဒါပေမယ့် ချစ်သူ
မင်းရဲ့မျက်နှာ
ညှိုးသွားမှာ စိုးမိတယ်။
ချစ်သူ
ငါက ပျော်ရွှင်မှုတွေ
ယူဆောင်လာတယ် ဆို
အခုတော့ မဟုတ်တော့ဘူးတဲ့လား
ဝမ်းနည်းမိပါတယ်
ဒါပေမယ့် ချစ်သူ
နားလည်မှုနဲ့အတူ
မင်းကို ပျော်ရွှင်ခြင်းတွေပဲ
ပေးတော့မယ်။
ချစ်သူ
ငါဟာမင်းအတွတ်
တန်ဖိုးမဖြတ်နိုင်ဘူးတဲ့လား
ဒါပေမယ့် ချစ်သူ
ငါ….. ယုံကြည်မှုတွေ လျော့ပါးလာပြီ
ငါဟာ မင်းရဲ့ ရတနာ မှ
ဟုတ်သေးရဲ့လား လို့
ထပ်မေးပါရစေ။
(Kitty Yang)
(သူမ မပြောခဲ့သော)
ကျွန်မနှလုံးသားမှာ
မောင့်နာမည်လေး ရေးထားတယ်လို့
မင်းပြောခဲ့တယ်
ဒါပေမဲ့ မင်းနှလုံးသားဟာ
သဲသောင်ပြင်နဲ့တူတယ်ဆိုတာကိုတော့
မင်းမပြောခဲ့ဘူး
ကျွန်မ ၀င်သက်ထွက်သက်တိုင်းမှာ
မောင်ရှိနေတယ်လို့ မင်းပြောခဲ့တယ်
ဒါပေမဲ့ မင်းဟာ
ကိုယ့်ဝင်သက်ထွက်သက်ကိုတောင်
မသိတဲ့အကြောင်းကိုတော့
မင်းမပြောခဲ့ဘူး
ကျွန်မနှလုံးသားထဲမှာ
မောင်ရှိနေတယ်လို့ မင်းပြောခဲ့တယ်
ဒါပေမဲ့မင်းနှလုံးသားဟာ
ဟိုတယ်တစ်ခုလို အခန်းတွေများတဲ့အကြောင်းကိုတော့
မင်းမပြောခဲ့ဘူး
မင်း
လုံးဝကို မပြောခဲ့ဘူး။
သျှင်နေမင်း
ချစ်သူ
အပြစ်မယူပါနဲ့ 
ငါ့ ဘ၀ရဲ့ ညတွေမှာ လ က မသာခဲ့ လို့ ပါ
ချစ်သူ
အပြစ်မယူပါနဲ့ 
အချစ် ကို ကဗျာဆန်လို့ ရပေမဲ့ 
ဘ၀ဆိုတာ ကဗျာဆန် လို့ မှ မရတာ
ချစ်သူ
အပြစ်မယူပါနဲ့ 
ဘ၀ ဆိုတာတိုက်ပွဲ တဲ့ 
ဆိုရိုး စကား ငါ့ အတွက်သာရည်ညွှန်း ခဲ့ လေရော့ သလား
နင်မျှော်လင့် သော ဘ၀ တစ်ခု
စိတ်ကူးနဲ့  တောင် ငါတည်ဆောက်မပေး နိုင်ခဲ့ 
တိုက်ပွဲဆန်တဲ့ ဘ၀မို့ပါ
Aryone Oo
တမ်းတအိမ်မက်တွေ
တမြတ်တနိုးထုဆစ်လို့
အဆုံးစွန်သောဆန္ဒတွေ
သူ့အချစ်ကို…ကျွန်တော်
မျှော်လင့်တောင့်တခဲ့တာ…
ယုံကြည်ပါချစ်သူ
အဖြူရောင်တံတိုင်းတွေခြားခဲ့လို့
ဖွင့်မပြောဖြစ်ခဲ့ပေမယ့်
့ကြယ်ကြွေတွေ
ရေသောက်ဆင်းတဲ့ရင်ခွင်မှာ
မင်းအတွက်…ရင်ခုန်သံတွေ
ပြာမဖြစ်သေးပါဘူး…
တိတ်တခိုးမျက်ဝန်းတွေနဲ့
မ၀ံ့ရဲတော့တဲ့…ငါ
ဆုံတွေ့မိချိန်တိုင်း
မြိုသိပ်ကာသိုဝှက်ခဲ့ပေမယ့်
အရင်းနှီးဆုံးရင်ခုန်သံတွေက
ငါ့ရင်မှာ…
ဝုန်းဒိုင်းကြဲဆူညံမြဲပဲ….
ယုံကြည်ပါချစ်သူ
ကြင်နာသူရင်ခွင်မှာ
မင်းပျော်ရွှင်စွာရယ်မောနိုင်ဖို့
ငါ့
မျှော်လင့်ခြင်းရင်ခုန်သံတွေ
အဖြူစင်ဆုံးသော့တစ်ချောင်းနဲ့
ငါ…ခတ်ပိတ်ပစ်ခဲ့တယ်…
ချစ်လို့မသေပေမယ့်
သေလုအောင်ချစ်ခဲ့တဲ့…ငါ
ခံစားချက်တွေမြိုသိပ်လို့
ရင်ကွဲခဲ့ပါစေ
ရှေ့ဆက်…
“သူငယ်ချင်း” လို့ပဲဆက်လို့ခေါ်နေမှာ…
သူငယ်ချင်းရယ်…
ငါခံစားရသလိုမခံစားပါရစေနဲ့
ငါသတိရသလိုသတိမရပါစေနဲ့
အရိုးဖြောင့်ဆုံးနှလုံးသားနဲ့
ဆုတောင်းပေးပါရဲ.
ငါ့စေတနာတွေအရောင်လက်ခဲ့ရင်
ဒီဘ၀မှာတစ်ခါပဲ
ချစ်သူနဲ့လွဲပါရစေ…။ ။
(သူငယ်ချင်း)
တောင့်တမှုတွေ ကင်းတဲ့နေ.တွေတုန်းကတောင်…
ဖြောင့်ဖြမှုဆိုတာ မလိုအပ်ပဲ…
ငါတို့…….
တစ်ယောက်ကိုတစ်ယောက် ဖေးမပြီးချစ်ခဲ့ကြသေးတယ်…
ခံစားချက်တွေကိုယ်စီ ရင်ဖွင့်…
လွတ်လပ်ခွင့်တွေကိုလည်း…
ငါတို့…….
တစ်ယောက်ကိုတစ်ယောက် ပေးခဲ့ကြသေးတယ်…
အနာဂတ်အတွက် မျှော်လင့်ခြင်းအိပ်မက်တွေကို…
လှောင်ပြောင်မှုတွေကင်းမဲ့…
ငါတို့……
တစ်ယောက်ကိုတစ်ယောက် အားကျခဲ့ကြသေးတယ်…
(သူငယ်ချင်းရယ်)
ငါလဲနားလည်တယ်…
ဒီချိန်မှာ ငါတို့ တစ်ယောက်ကိုတစ်ယောက်….
သိပ်ကို လိုအပ်နေကြတယ်လေ….
အမှားရဲ့လှဲ့ကွက်အောက်မှာကျရှုံးရတာ
လူတွေသဘာဝပါ
ချစ်သူ
ဒုတိယအခွင့်အရေးဆိုတာကို
မင်းရဲ့အဘိဓာန်ထဲမှာ
ထည့်ခွင့်ပေးပါ။
ငါ့အမှားတွေကို
ရေရွတ်ရင်းဆွေးရတဲ့
ညတွေကို……. ကြင်နာသူလေး
ငဲ့လို့ကြည့်ပါဦး။
နာရီတိုင်း တိုးလို့နေတဲ့
ကိုယ့်ကိုကိုယ်ပေးမိတဲ့
အတွင်းဒဏ်ရာတွေက
မင်းရဲ့နွေးထွေးမူတွေကို
တောင်းတလို့နေရဲ့။
စောင့်စားပါ့မယ်
မျက်လုံးတွေဝေ၀ါးသွားသည်ထိ..
နားတွေထိုင်းမှိုင်းသွားသည်ထိ
ကိုယ်ခန္ဓာနှေးကွေးသွားသည်ထိ
ငါနင့်ကိုဆက်လို့ချစ်မယ်
နင့်ရဲ့အချစ်တွေကို
ဆက်လက်မျှော်လင့်ရင်း
ရူးမယ် ချစ်သူ။
She Don't Tell Me
(သူမ မပြောခဲ့သော)
ကျွန်မနှလုံးသားမှာ
မောင့်နာမည်လေး ရေးထားတယ်လို့
မင်းပြောခဲ့တယ်
ဒါပေမဲ့ မင်းနှလုံးသားဟာ
သဲသောင်ပြင်နဲ့တူတယ်ဆိုတာကိုတော့
မင်းမပြောခဲ့ဘူး
ကျွန်မ ၀င်သက်ထွက်သက်တိုင်းမှာ
မောင်ရှိနေတယ်လို့ မင်းပြောခဲ့တယ်
ဒါပေမဲ့ မင်းဟာ
ကိုယ့်ဝင်သက်ထွက်သက်ကိုတောင်
မသိတဲ့အကြောင်းကိုတော့
မင်းမပြောခဲ့ဘူး
ကျွန်မနှလုံးသားထဲမှာ
မောင်ရှိနေတယ်လို့ မင်းပြောခဲ့တယ်
ဒါပေမဲ့မင်းနှလုံးသားဟာ
ဟိုတယ်တစ်ခုလို အခန်းတွေများတဲ့အကြောင်းကိုတော့
မင်းမပြောခဲ့ဘူး
မင်း
လုံးဝကို မပြောခဲ့ဘူး။
သျှင်နေမင်း
ကာရန် မညီသော
အပြစ်မယူပါနဲ့ 
ငါ့ ဘ၀ရဲ့ ညတွေမှာ လ က မသာခဲ့ လို့ ပါ
ချစ်သူ
အပြစ်မယူပါနဲ့ 
အချစ် ကို ကဗျာဆန်လို့ ရပေမဲ့ 
ဘ၀ဆိုတာ ကဗျာဆန် လို့ မှ မရတာ
ချစ်သူ
အပြစ်မယူပါနဲ့ 
ဘ၀ ဆိုတာတိုက်ပွဲ တဲ့ 
ဆိုရိုး စကား ငါ့ အတွက်သာရည်ညွှန်း ခဲ့ လေရော့ သလား
နင်မျှော်လင့် သော ဘ၀ တစ်ခု
စိတ်ကူးနဲ့  တောင် ငါတည်ဆောက်မပေး နိုင်ခဲ့ 
တိုက်ပွဲဆန်တဲ့ ဘ၀မို့ပါ
Aryone Oo
သူငယ်ချင်း....သို့
တမ်းတအိမ်မက်တွေ
တမြတ်တနိုးထုဆစ်လို့
အဆုံးစွန်သောဆန္ဒတွေ
သူ့အချစ်ကို…ကျွန်တော်
မျှော်လင့်တောင့်တခဲ့တာ…
ယုံကြည်ပါချစ်သူ
အဖြူရောင်တံတိုင်းတွေခြားခဲ့လို့
ဖွင့်မပြောဖြစ်ခဲ့ပေမယ့်
့ကြယ်ကြွေတွေ
ရေသောက်ဆင်းတဲ့ရင်ခွင်မှာ
မင်းအတွက်…ရင်ခုန်သံတွေ
ပြာမဖြစ်သေးပါဘူး…
တိတ်တခိုးမျက်ဝန်းတွေနဲ့
မ၀ံ့ရဲတော့တဲ့…ငါ
ဆုံတွေ့မိချိန်တိုင်း
မြိုသိပ်ကာသိုဝှက်ခဲ့ပေမယ့်
အရင်းနှီးဆုံးရင်ခုန်သံတွေက
ငါ့ရင်မှာ…
ဝုန်းဒိုင်းကြဲဆူညံမြဲပဲ….
ယုံကြည်ပါချစ်သူ
ကြင်နာသူရင်ခွင်မှာ
မင်းပျော်ရွှင်စွာရယ်မောနိုင်ဖို့
ငါ့
မျှော်လင့်ခြင်းရင်ခုန်သံတွေ
အဖြူစင်ဆုံးသော့တစ်ချောင်းနဲ့
ငါ…ခတ်ပိတ်ပစ်ခဲ့တယ်…
ချစ်လို့မသေပေမယ့်
သေလုအောင်ချစ်ခဲ့တဲ့…ငါ
ခံစားချက်တွေမြိုသိပ်လို့
ရင်ကွဲခဲ့ပါစေ
ရှေ့ဆက်…
“သူငယ်ချင်း” လို့ပဲဆက်လို့ခေါ်နေမှာ…
သူငယ်ချင်းရယ်…
ငါခံစားရသလိုမခံစားပါရစေနဲ့
ငါသတိရသလိုသတိမရပါစေနဲ့
အရိုးဖြောင့်ဆုံးနှလုံးသားနဲ့
ဆုတောင်းပေးပါရဲ.
ငါ့စေတနာတွေအရောင်လက်ခဲ့ရင်
ဒီဘ၀မှာတစ်ခါပဲ
ချစ်သူနဲ့လွဲပါရစေ…။ ။
သူငယ်ချင်း
(သူငယ်ချင်း)
တောင့်တမှုတွေ ကင်းတဲ့နေ.တွေတုန်းကတောင်…
ဖြောင့်ဖြမှုဆိုတာ မလိုအပ်ပဲ…
ငါတို့…….
တစ်ယောက်ကိုတစ်ယောက် ဖေးမပြီးချစ်ခဲ့ကြသေးတယ်…
ခံစားချက်တွေကိုယ်စီ ရင်ဖွင့်…
လွတ်လပ်ခွင့်တွေကိုလည်း…
ငါတို့…….
တစ်ယောက်ကိုတစ်ယောက် ပေးခဲ့ကြသေးတယ်…
အနာဂတ်အတွက် မျှော်လင့်ခြင်းအိပ်မက်တွေကို…
လှောင်ပြောင်မှုတွေကင်းမဲ့…
ငါတို့……
တစ်ယောက်ကိုတစ်ယောက် အားကျခဲ့ကြသေးတယ်…
(သူငယ်ချင်းရယ်)
ငါလဲနားလည်တယ်…
ဒီချိန်မှာ ငါတို့ တစ်ယောက်ကိုတစ်ယောက်….
သိပ်ကို လိုအပ်နေကြတယ်လေ….
စောင့်နေပါ့မယ်
အမှားရဲ့လှဲ့ကွက်အောက်မှာကျရှုံးရတာ
လူတွေသဘာဝပါ
ချစ်သူ
ဒုတိယအခွင့်အရေးဆိုတာကို
မင်းရဲ့အဘိဓာန်ထဲမှာ
ထည့်ခွင့်ပေးပါ။
ငါ့အမှားတွေကို
ရေရွတ်ရင်းဆွေးရတဲ့
ညတွေကို……. ကြင်နာသူလေး
ငဲ့လို့ကြည့်ပါဦး။
နာရီတိုင်း တိုးလို့နေတဲ့
ကိုယ့်ကိုကိုယ်ပေးမိတဲ့
အတွင်းဒဏ်ရာတွေက
မင်းရဲ့နွေးထွေးမူတွေကို
တောင်းတလို့နေရဲ့။
စောင့်စားပါ့မယ်
မျက်လုံးတွေဝေ၀ါးသွားသည်ထိ..
နားတွေထိုင်းမှိုင်းသွားသည်ထိ
ကိုယ်ခန္ဓာနှေးကွေးသွားသည်ထိ
ငါနင့်ကိုဆက်လို့ချစ်မယ်
နင့်ရဲ့အချစ်တွေကို
ဆက်လက်မျှော်လင့်ရင်း
ရူးမယ် ချစ်သူ။
နင့်အတွက်...
မျက်ရည်စတွေရည်ဝေတော့
ငါ့အသည်းလဲကြွေခဲ့တာပဲ
ဆူးရှိတဲ့လမ်းကိုမှ
သိသိကြီးနဲ့ လမ်းမှားခဲ့တာလဲ
ငါ့မိုက်ပစ်ပဲ။
အဆိပ်သင့်နေတဲ့နှလုံးသား
နင့်ကိုငါမပေးရက်ပါဘူး။
တောင်းတတယ်ဆိုတာ
ခဏတာပါ..
ကြာတော့လည်း နင်မေ့သွားမှာပါ။
နောင်တတွေလည်း
နင်နဲ့ဝေးလို့နေပါစေ။
တစ်သက်တာမဟုတ်ဘူး
ခဏလေးတောင်မဖြစ်နိုင်လို့
မခံစားနဲ့ သူငယ်ချင်း…။
တိုတိုတောင်းတောင်း
ဒီနာရီလေးတွေမှာ
ငါတို့ချစ်ခဲ့တာပဲ လို့
တွေးရင်းပြုံးနေလိုက်ပါ ချစ်ရယ်။
(နင်ငါ့ကိုမေ့သွားတဲ့နေ့ထိပေါ့)
(Kitty Yang)
အလင်းဖျော့.... ကြိုး...

ဖမ်းဆုပ်မရတဲ့ သူ့ ကိုမှ ချည်နှောင်မိတယ်
အကြင်နာကပညာထက်အခရာကျတယ်ဆိုပဲ
ချစ်ခြင်းတပ်မုသားနဲ့  ငါ့နေ့ တွေခေါက်ရိုးကျိုးခဲ့ ပေါ့
မျှော်လင့်ချက်တခွဲသားနဲ့ 
ဟန်လုပ်နေရတာလဲ..ရူးသွပ်ခြင်းတစ်မျိုးပဲကွယ်
မနက်ဖြန်ကိုအတင်းမေ့ထားပါမှ..
Alarm က ထမြည်တယ်
ရုပ်နဲ့ နာမ်…ထပ်တူမကျတော့ဘူး
ရယ်သံမှာတောင် ဒဏ်ရာတွေနဲ့ 
အိပ်မက်ဆန်တဲ့လမ်းမှာ..
သည်းခြေပျက်လောက်တဲ့ခံစားချက်တွေနဲ့ 
ကိုယ့် ငါးစာကိုယ် ပြန်ဟပ်မိတဲ့ အဖြစ်
တကယ်တော့
အချစ်ကတော်ရုံပဲကောင်းတယ်…
ရှာရွန်….
နင်မှ မချစ်ခဲ့တာ..

နားလည်မှုကို မေ့တယ်
အကြင်နာတွေအကြောင်း ငါပြန်တွေးတိုင်း
မကြင်နာခဲ့တဲ့ နင့်ကို
ငါ့ နှလုံးသားက တဆစ်ဆစ်
သွေးထွက်မတက် နာကျည်းတယ်…….။
သံယောဇဉ်ကိုမေ့တယ်
သူငယ်ချင်းဆိုတာကိုမေ့တယ်
ပေးဆပ်ခြင်းအကြောင်း ငါပြန်တွေးတိုင်း
လှည့်စားခံခဲ့ရတဲ့ ငါကိုယ်တိုင်ကို
တုန်လှုပ်ခြောက်ခြားစွာနဲ့
ငါ့ဦးနှောက်က မေ့ဖျောက်ထားတယ်……။
အရူးလုပ်ခံရခြင်းကို မေ့တယ်
မလေးနက်ခဲ့တာကို မေ့တယ်
အချစ်ဆိုတာကို ငါပြန်တွေးတိုင်း……
ဟားတိုက်လှောင်ရယ်ခံခဲ့ရတဲ့ အချိန်တွေထဲက
နင်မှ မချစ်ခဲ့တာ ဆိုတဲ့ အသိကို …….
ငါ့ ကမ္ဘာပျက်မတက်.........
သွေးပျက် ကြောက်ရွံနေမိတော့တယ်……။
ကေသရီ
လမ်းခွဲသူသို့... ကျေးဇူးတင်လွှာ..
အသက်ရှုရတာ ချိုမြိန်တယ်

နင့်အမုန်းမပါရှိဘဲ
မနက်ဖြန်တွေ လည်ပတ်
လက်တွေ့တွေ တိုင်းကလည်း အနှစ်ရှိတယ်….။
ပူပန်ခြင်းလည်း ကင်းတယ်
စိုးရိမ်ခြင်းလည်း ရှင်းတယ်
နင့်စိတ်နဲ့ မယှဉ်တွဲတော့တဲ့ငါ
အေးချမ်းစွာနဲ့ ရှင်သန်
တန်ပြန်နိုင်ဖို့ မကြိုးစားတော့ဘဲ
ရင့်ကျက်မှုတွေနဲ့ မိတ်ဆွေဖွဲ့တယ်……။
စိတ်အစဉ်က ပေါ့ပါး
သံသယတွေ လွင့်သွားတယ်
မတူမတန်တဲ့ အချစ်ကို သတိမရ
ဘ၀ခရီးအတွက် အတိအကျ အစီအစဉ်တွေဆွဲ
နာကျင်ခြင်းကင်းကင်းနဲ့
ငါ့ရည်မှန်းချက်တွေ အသက်သွင်းတယ်……။
နင့်သစ္စာကို မတပ်မက်
နင့်မေတ္တာကို စွန့်လွှတ်တယ်
အမှားမရှိဘဲ ထားခဲ့ခံရတဲ့ဘဝ
ဝဋ်ကြွေးလို့ပဲ ငါယူဆ
ငါ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့
စိတ်ဓါတ်တချို့…..ခိုင်မာလာရင်း
လမ်းခွဲခဲ့တဲ့နင့်ကို ငါ….အရမ်းလည်း ကျေးဇူးတင်ပါတယ်…….။
အလွမ်း
တစ်မိုးအောက်က...တစ်ယောက်
လှည့်မကြည့်ပါနဲ့ ချစ်သူ
ငါ့ဘ၀လေး ဇောက်ထိုးဖြစ်နေလို့
မင်းဆီအပ်နှံခဲ့တဲ့ နှလုံးသားကို
မင်းနဲ့အတူ မင်းဆီ၇ာကို ခေါ်သွားပေးပါ။
မင်းပခုံးလေးထက်မှာ နေ၇ာမလွတ်တော့ဘူးဆို၇င်
ပြန်လာမပေးပါနဲ့…ချစ်လေး
အဲဒီမှာတင် မြေမြုပ်င်္သဂြိုလ်လိုက်
၇က်စက်ခြင်းလို့ ကမည်းတပ်
အမုန်းတွေနဲ့ဝန်း၇ံပေးပါ။
ဆက်လက်၇ှင်သန်နေမယ့် သဘောမျိုးနဲ့
သစ်ပင်လေးတစ်ပင်တော့စိုက်ပေး
ဒါပေမယ့် …
မစိမ်းလန်းသောသစ်ပင်လို့ ကင်ပွန်းတပ်ပေးပါ။
မပိုင်ဆိုင်တော့တဲ့ ငါ့၇ဲ့စိတ်နဲ့
ငါ့နှလုံးသွေးလည်ပတ်မှုတိုင်း
တစ်မိုးအောက်က
နင့်တစ်ယောက်တည်း မြတ်နိုးခွင့်လွှတ်တယ်.။
ငါ နင့်ကို ခွင့်လွှတ်တယ်...
ငါနင့်ကိုခွင့်လွှတ်တယ်
ငါ့ရဲ့ကြင်နာမှုတွေနဲ့ဂရုစိုက်မှုတွေကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
မချစ်တတ်တဲ့နှလုံးသားတစ်စုံအတွက်
ငါနင့်ကိုခွင့်လွှတ်တယ်
အရိုးစွဲမတတ် ချစ်တတ်တဲ့ငါ့ကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
ပြင်းရှရှ ခါးသီးတတ်တဲ့
စကားလုံးတွေအတွက်
ငါနင့်ကိုခွင့်လွှတ်တယ်
ကလေးလို စကားလုံးလှလှတွေနဲ့
တီတီတာတာ ပြောတတ်သူကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
အနာဂတ်တစ်ခုအတွက်
ငါနင့်ကိုခွင့်လွှတ်တယ်
အတိတ်ကိုလှပအောင် ခြယ်သခွင့်
နင်ပေးခဲ့သလိုပေါ့
အိပ်မရအောင် ခြောက်လှန့်တဲ့
အိပ်မက်ဆိုးတွေအတွက်
ငါနင့်ကိုခွင့်လွှတ်တယ်
အိပ်မရတိုင်း ဖုန်းခေါ်တတ်တဲ့ငါ့ကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
အချစ်ကို မလိုအပ်တော့တဲ့
ငါ့အဖြစ်အတွက်
ငါနင့်ကိုခွင့်လွှတ်တယ်
အချစ်ကို ကိုးကွယ်ဖူးခဲ့တဲ့ငါ့ကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
မာနတွေ ရင်ဝယ်ပိုက်ထားတဲ့
ကာလတစ်ခုအတွက်
ငါနင့်ကိုခွင့်လွှတ်တယ်
နင့်အတွက်ဆို အမှတ်မရှိတဲ့ငါ့ကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
အထင်အမြင်လွဲမှုတွေအတွက်
ငါနင့်ကိုခွင့်လွှတ်တယ်
မယုံကြည်တော့တဲ့ငါ့ကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့

မိုးလောက်အောင်မြင့်ခဲ့တဲ့
နင့်ကိုခွင့်လွှတ်တယ်
နင့်ကိုချစ်လို့ဟိုးအောက်ထိ
နှိမ့်ချခဲ့ဖူးသူကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
မျှော်လင့်ချက်တွေ ဖျက်ဆီးသူ
နင့်ကိုခွင့်လွှတ်တယ်
မျှော်လင့်ခဲ့တဲ့ငါ့ကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
စွန့်လွှတ်အနစ်နာခံသူအပေါ်
အခွင့်အရေးယူခဲ့တဲ့
နင့်ကိုခွင့်လွှတ်တယ်
သနားစရာငါ့ကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
အရာရာအတွက် ငါနင့်ကိုခွင့်လွှတ်တယ်
ငါကိုယ်တိုင် ရစ်ဘီးက ဖြတ်ပေးလိုက်တဲ့
တစ်ခါက စွန်ငယ်တစ်ခုကို
အပြီးအပိုင်စွန့်လွှတ်တယ် ။ ။
ငါကိုယ်တိုင် ရစ်ဘီးက ဖြတ်ပေးလိုက်တဲ့
တစ်ခါက စွန်ငယ်တစ်ခုကို
အပြီးအပိုင်စွန့်လွှတ်တယ် ။ ။
0 comments:
Post a Comment