Joomla Local Installation Learning Note

on Wednesday, September 14, 2011
Joomla Local Installation Learning Note
Server Install
-joomla ကို စတင်အလုပ်လုပ်နိုင်ဖို့အတွက် xampp-win-1.7.4 ကို install အရင်လုပ်ပါ။
( xampp-win-1.7.4 မရှိသေးရင် Download အရင်လုပ်ပါ အောက်မှာ download link ပေးထားပါတယ်)
-Install လုပ်ပြီးပါက Xampp control panel မှာ Apache & MySql ကို check လုပ်ပြီး Start Button ကို click နှိပ်ပြီး running ဖြစ်အောင်လုပ်ပေးရမယ်။ running မပေါ်ပါက server က အလုပ်လုပ်မည်မဟုတ်ပါ။
-သို့မဟုတ်ပါက Apache ရဲ့ admin button ကို click ပြီး Xampp browser Mozilla or IE မှာ server run ခြင်းကို check ကြည့်နိုင်ပါတယ်။
-Server run ပြီဆိုရင်တော့ joomla ကိုစတင်အလုပ်လုပ်နိုင်ပါပြီ။
Joomla Install
-joomla ကို စတင် install လုပ်မယ်ဆိုရင် Joomla_1.7.0-Stable-Full_Package.zip file ( or other version) တစ်ခု ရှိရပါမည်။
-ထို zip file ကို copy လုပ်ပြီး xammp server အောက်ကို ထားပေးရမယ်။
-xampp server ကတော့ ကိုသွင်းလိုက်တဲ့ location အောက်မှာပဲရှိပါလိမ့်မယ်။
ဥပမာ-c:\xampp\htdocs\ ..အောက်မှာ copy လုပ်ထားတဲ့ zip file ကိုထားပေးရမှာပါ။
-joomla ဆိုက်တွေ လုပ်ဖို့အတွက် joomla zip file ကို extract လုပ်ပြီး ဆိုက်တွေအမြောက်အများလုပ်နိုင်ပါတယ်။ zip file ကိုတော့ ဖျက်မပစ်ရပါဘူး။
-ဆိုက်တစ်ခုကို စမ်းလုပ်ကြည့်မယ်ဆိုရင်…
-zip file ကို extract လုပ်ပါ။
-extract လုပ်ထားတဲ့ file ဟာ file နှစ်ထပ်ဖြစ်လို့မရပါဘူး။ file နှစ်ထပ်ဖြစ်နေမယ်ဆိုရင် တစ်ထပ်တည်းဖြစ်အောင်လုပ်ပေးရပါမယ်။
-extract လုပ်ထားတဲ့ file ကို ကိုယ်ကြိုက်နှစ်သက်ရာ နာမည်တစ်ခုနဲ့ rename ပြန်ပေးပါ။
-ကိုပေးထားတဲ့ name ကို copy လုပ်ပြီး xampp server မှာသွား run ကြည့်လို့ရပါပြီ။
-Xampp ရဲ့ Apache Admin ကို click လို့ပေါ်လာတဲ့ browser မှာ location က http://localhost/xampp/
လို့ပေါ်နေလိမ့်မယ်။
-ကို ပေးထားတဲ့နာမည်က joomlaexample လို့ဆိုကြပါဆို့။
-xampp နေရာမှာ ကိုပေးထားတဲ့နာမည်ကို ထည့်ပေးရမှာပါ.
http://localhost/joomlaexample/
-အဲဒီလိုလုပ်ပြီးတဲ့အခါ joomla installation ကိုစလုပ်နိုင်ပါပြီ။
Steps of Joomla Installation
Joomla မှာ installation အဆင့် (၇) ဆင့်ရှိပါတယ်။
1. Choose Language
-ဒီအဆင့်မှာတော့ Language က English (US) ကို ရွေးပေး။
ပြီးရင် Next ကနေ နောက်တစ်ဆင့်သွားနိုင်ပါတယ်။
2. Pre-installationg Check
-ဒီအဆင့်မှာလဲ ဘာမှလုပ်စရာမလိုပါဘူး …Next ကိုသွားပါ.
3. License
- ဒီအဆင့်မှာလဲ ဘာမှလုပ်စရာမလိုပါဘူး …Next ကိုသွားပါ.
4. Database
-ဒီအဆင့်မှာတော့
Database Type = MySql
Host Name = localhost
User Name = root
Password = မထည့်လည်းရ၊ ထည့်သုံးရင်လည်းသုံးနိုင်ပါတယ်
Database Name = ကိုကြိုက်တဲ့နာမည်ကိုပေးနိုင်ပါတယ်
ပြီးရင် ..Next ကိုသွား
5. FTP Configuration
- ဒီအဆင့်မှာလဲ ဘာမှလုပ်စရာမလိုပါဘူး ..Next ကိုသွားပါ.
6. Configuration
-ဒီအဆင့်မှာတော့
Site Name = ကိုယ်ပေးချင်တဲ့ ဆိုက်ရဲ့နာမည်
Your Email = ကိုယ့်ရဲ့မေး
Admin Password = admin
Confirm Admin Password = admin
ဆိုက်ရဲ့ data ထားတဲ့ပုံစံကိုသိချင်တယ်ဆိုရင်တော့ Simple data ကို install လုပ်နိုင်ပါတယ်။
ဆိုက်တစ်ခုလုပ်မယ်ဆိုရင်တော့ သွင်းစရာမလိုပါဘူး ပြီးရင် ….Next ကိုသွားပါ.
အဲဒီအချိန်မှာ broswer ကမေးပါလိမ့်မယ်
Simple data သွင်းမှာ လား မသွင်းဘူးလားဆိုတာကို မသွင်းဘူးဆိုရင်တော့ ok လုပ်လိုက်ရုံပါပဲ။
7. Finish
-ဒီအဆင်မှာတော့ Admin page ကိုရောက်တော့မှာပါ Xampp ရဲ့ Cpanel လို့လည်းပြောလို့ရပါတယ်။
-ထိုအဆင့်မှာတော့ Admin ကို တန်း click ပြီး cpanel ထဲကှိုင်လို့မရပါဘူး။
-c:\xampp\htdocs\joomlaexample\ (installation)..ဆိုတဲ့ folder ကိုအရင်ဖျက်ပြီးမှ Admin ကှိုင်လို့ရမှာပါ။
-Admin ကိုရောက်တဲ့အခါ User Name = admin နဲ့ password=admin လို့ရိုက်ပြီး
Joomla cpnel ကှိုင်ရောက် ရေးသားနိုင်ပါပြီ။။
…………………………………….Finish Joomla Installation…………………………………………………
Cpanel of Joomla (site တစ်ခုကိုဘယ်လို manage လုပ်မလဲ)
Template ပြောင်းခြင်း
-Cpanel မှာ default template ကိုကြည့်ချင်တယ်ဆိုရင် preview ကို click ပြီးကြည့်နိုင်ပါတယ်.
Template change မယ်ဆိုရင် Extension အောက်က Template Manager ကိုသွားပြင်ရမှာပါ.
ပြောင်းချင်တဲ့ Template ကို Select ပေးပြီး ညာဘက်ထောင့်မှာရှိတဲ့ Default icon ကို click ပြီးရင် preview ကြည့် မယ်ဆိုရင် ကိုရွေးလိုက်တဲ့ template ပုံစံကို သိနိုင်ပါတယ်.
-Template တွေကို Internet မှာ free download ရယူနိုင်ပါတယ်.
Joomla က module နဲ့အလုပ်လုပ်တာ ဖြစ်တယ်. ကိုယ်ထည့်ချင်တဲ့အကြောင်း အရာတွေကို module တွေထဲမှာ ကောင်းကောင်းနေရာချတတ်ဖို့တော့လိုပါတယ်.
ကိုရွေးလိုက်တဲ့ template မှာ moudule အရေအတွက် ဘယ်လောက်ပါတယ်ဆိုတာလဲသိရပါမယ်. ဘယ်အကြောင်းအရာတွေကို ဘယ်နေရာထားရင်သင့်တော်မယ်ဆိုတာကိုလဲ ကြည့်တတ်ရမယ်.
Extension အောက်က Template Manager
အဲဒီကနေ ကိုရွေးလိုက်တဲ့ template ကို click
ပြီးရင် browser ရဲ့ညာဘက်ထောင့်မှာရှိတဲ့ preview ကို click
Modoule ဘယ်လောက်ရှိတယ်ဆိုတာကို သိနိုင်တယ် အဲဒီ page ကို open in New window
နဲ့ဖွင့်ထားသင့်တယ်.
-Joomla မှာ Section , Category & Article တို့နဲ့ အလုပ်လုပ်ပါတယ်။
Section Manager
-Section Manager ဆိုတာတော့ အိမ်တစ်လုံးနဲ့တူပါတယ်.
-Section ကို အရင်ဆောက်ပေးရပါတယ်. ပြီးမှ Category , Article အဆင့်ဆင့်ဆောက်ပေးရပါတယ်
-Section ကိုဆောက်မယ်ဆိုရင် Content အောက်က Section Manager ထဲက New ကို ကနေ section Name ပေးပြီး Save ကို Click ရပါမယ်.
Category Manager
-Section တစ်ခု ဆောက်ပြီးပြီဆိုရင် Category ကိုဆောက်လို့ရပါပြီ. Category ဆိုတာကတော့ အိမ်တစ်လုံးမှာရှိတဲ့ အခန်းတွေနဲ့တူပါတယ်.
-Category ကိုဆောက်မယ်ဆိုရင် Content အောက်က Category Manager ထဲက New ကို ကနေ Category Name ပေးပြီး Save ကို Click ရပါမယ်.
Article Manager
-Article ဆိုတာ အခန်းတွေထဲက ပစ္စည်းတွေနဲ့ တူပါတယ်..ဘယ် Section , ဘယ် Category အောက်မှာထားမယ်ဆိုတာတော့ ရွေးပေးရပါမယ်..
-Article တစ်ခုဆောက်မယ်ဆိုရင်တော့ Content အောက်က Article Manager
အဲဒီကနေ New ကိုယူပါ..
-Title မှာ ကိုရေးချင်တဲ့သတင်းခေါင်းစဉ်ကိုရေးရမယ်. Alias မှာ ဘာမှရေးစရာမလိုပါဘူး..
-Section မှာတော့ ဘယ်Section အောက်မှာ ထားမယ်ဆိုတာကိုရွေးပါ.
-Publish ကတော့ yes ကိုရွေး publish မလုပ်ချင်ဘူးဆိုရင်တော့ NO ကိုရွေး.
-Home page မှာ ပေါ်ချင်ရင်တော့ Front Page ကို yes ပေးရမှာပါ. မပေါ်ချင်ရင်တော့ No ပေးပါ.
-Select Category မှာလဲ ဘယ် Category အောက်မှာ ထားမလဲဆိုတာကိုရွေးပေးရမှာပါ.
-ကိုယ်ရေးချင်တဲ့ သတင်းကိုတော့ အောက်က page ထဲမှာ ရေးသားနိုင်ပါတယ်. Page ထဲမှာ စာသားတွေကို link ပေးတာ စားလုံးပုံစံပြောင်းတာတွေကို တော်တော်များများ လုပ်ဆောင်နိုင်ပါတယ်..
-ပုံထည့်ချင်ရင် အောက်က image button ကနေထည့်လို့ရပါတယ်.
-စားတွေတအားများလို့ read more လုပ်ချင်ရင်လည်း အောက်နားက read more နဲ့လုပ်နိုင်ပါတယ်.
-ကိုရေးထားတဲ့အကြောင်းရာလေးတွေကို အင်တာနက်မှာ ဖြစ်ဖြစ် search box မှာ ဖြစ်ဖြစ် အလွယ်တကူ ရှာဖွေတွေ့ချင်တယ်ဆိုရင် ညာဘက်မှာရှိတဲ့ Metadata Information မှာ ထည့်ပေးလို့ရပါတယ်.
-Parameters (Advanced) မှာလည်း ဘာတွေကို show ပြီး ဘာတွေကို hide မယ်ဆိုတာကို manage လုပ်လို့ရပါတယ်..
-ကိုယ်စိတ်တိုင်းကျ page လေးတစ်ခုရပြီဆိုရင်တော့ Save button နဲ့သိမ်းလိုက်ရုံပါပဲ..
-New ကနေ ကိုယ့်စိတ်ကြိုက် Article တွေအများအပြားဆောက်လို့ရပါတယ်..
<……Note….>
Template Manager (for change template)
Extension အောက်က Template Manager
Menu Manager (to build menu)
Menu အောက်က Menu Manager ထဲက Menu Items ထဲက New
Section Manager
Content အောက်က Section Manager ထဲက New
Category Manager
Content အောက်က Category Manager ထဲက New
Article Manager
Content အောက်က Article Manager ထဲက New
Module Manager (to place module and other module)
Extension အောက်က Module Manager ထဲက New
Install/Uninstall (to install or uninstall folder and template)
Extension အောက်က Install/Uninstall ထဲက Browse (for choose file location) ပြီးရင် Upload
…………………..######................................
Menu Manager
-Menu တစ်ခုဆောက်မယ်ဆိုရင်တော့ ဘယ်လိုပုံစံ နဲ့ဆောက်မှာလဲဆိုတာကို ရွေးပေးရပါတယ်.
-Menu Manager အောက်မှာ Menu items ထဲကနေ New တစ်ခုယူပြီးရင်
Select Menu Item Type
……ဒါကတော့ ရွေးရမယ်ပုံစံပါ…
- Internal Link


    Articles

    Archive
    Archived Article List

    Article
    Article Layout
    Article Submission Layout
    Category

    Category Blog Layout
    Category List Layout
    Front Page
    Front Page Blog Layout
    Section
    Section Blog Layout
    Section Layout

o Contacts
o News Feeds
o Polls
o Search
o User
o Web Links
o Wrapper

    External Link
    Separator

    Alias

-Article ထဲက ကိုယ့်မှာ Section and Article တွေဆောက်ပြီးသားရှိမယ်ဆိုရင်တာ့
Section Blog layout (or) Category Blog Layout တစ်ခုခုကိုရွေးရမှာပါ.
-ဒါမှမဟုတ် Section and Article တွေဆောက်ပြီးသား မရှိဘူးဆိုရင်တော့
Front Page Blog Layout နဲ့ပဲဆောက်ရမှာပါ.
-နောက်မှ Section and Article တွေဆောက်ပြီးမှ Menu နဲ့ပြန်ချိတ်ပေးရမှာပါ.
-ပြောင်းမယ်ဆိုရင် ကိုယ်လုပ်ထားတဲ့ Menu ကို click ပြီး change type ကိုသွားပြီး ချိတ်မယ့်
Section Blog layout (or) Category Blog Layout တစ်ခုခုကိုရွေးရမှာပါ ..
- Section Blog layout နဲ့ချိတ်မယ်ဆိုရင် Select section မှာ section ကိုရွေးပေးရမယ.်.
- Category Blog Layout နဲ့ချိတ်မယ်ဆိုရင် Select Category မှာ Category ကိုရွေးပေးရမယ်.
-အဲဒါဆိုရင်တော့ Menu တွေကိုဆောက်တတ်မယ်ထင်ပါတယ်..
အဲဒီ Menu ကိုနေရာချမယ်ဆိုရင်တော့ Extension အောက်က Module Manager ကိုသွားပြီး
နေရာချပေးရပါမယ်..
မွားတာပါရင်လည်း ခွင့်လွတ်ကြနော်...:D
-ဒီလောက်ဆိုရင်တော့ သူငယ်ချင်းတို့ joomla ကို လေ့လာလို့ရလောက်ပါပြီ..
သူငယ်ချင်းတို့ ပညာတစ်ခုကို အလွယ်တကူရယူနိုင်ပါစေ…..


Download :::::::xampp-win32-1.7.4-VC6-installer ►► Download


Download ::::::Joomla_1.7.0-Stable-Full_Package►► Download


0 comments:

Post a Comment